စက်မှုအင်ဂျင်နီယာဘာသာရပ်၏ အခြေခံများကို ဤနေရာတွင် မြန်မာဘာသာဖြင့် အပိုင်းခွဲ တင်ဆက်ထားပါသည်။
စက်မှုအင်ဂျင်နီယာပညာရပ်အခြေခံများကို နောင်တချိန်တွင် မြန်မာဘာသာဖြင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်၍ ပြုစုရေးသားနေပါသည်။

Thursday, 18 March 2010

Introduction, အဖွင့်မိတ်ဆက်

စက်မှု အင်ဂျင်နီယာ ပညာရပ်၏ အခြေခံများကို ကောင်းမွန်စွာ ကျွမ်းကျင်တတ်မြောက်မှသာ အောင်မြင်သော စက်မှု အင်ဂျင်နီယာ တယောက်ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် စက်မှုအင်၊ယာ ဘာသာရပ်အတွက် လိုအပ်သော အခြေခံ သီအိုရီများကို မြန်မာဘာသာဖြင့် စာအုပ်ထုတ်ဝေနိုင်ရန် ရည်ရွယ်၍ ဤနေရာတွင်ပြုစုရေးသားပါသည်။ စက်မှုအင်၊ယာဘာသာရပ်များကို လေ့လာနေသော ကျောင်းသားကျောင်းသူများအတွက် အထောက်အကူ ပြုစေရန်လည်း ရည်ရွယ်ပါသည်။

အခြေခံများကို အပိုင်းကဏ္ဍများ ခွဲ၍ အဆင့်လိုက် တင်ဆက်သွားမည်ဖြစ်ပါသည်။